ဂျီနိုဆိုဒ်တရားခံများအနက် ထိပ်ဆုံးအဆင့်ကို နေရာယူထားသူ မင်းအောင်လှိုင်က တိုင်းစစ်ဌာနချုပ်​ ၉ ခုမှ စစ်တိုင်းမှူးများကို နေရာအပြောင်းအလဲပြုလုပ်လျင် ICC အမှုမှ လွှတ်မြောက်သွားမည်ဟု အိပ်မက်မက်နေ၏။ ဗိုလ်ချုပ် မျိုးမိုးအောင် ဗိုလ်ချုပ် မြတ်ကျော် ​ဗိုလ်ချုပ် ခင်လှိုင် ​ဗိုလ်ချုပ် ​တေဇကျော် ​ဗိုလ်ချုပ် အောင်ဇော်အေး ဗိုလ်ချုပ် ၀င်းမင်းထွန်း ဗိုလ်ချုပ် ညီညီဆွေ ဗိုလ်ချုပ် မျိုးဝင်း ဗိုလ်ချုပ် လင်းအောင် စသော ဗိုလ်ချုပ်များကို စားကျက်သစ်များဖန်တီးပေးပြီး မုဒိန်းတပ်မတော်အတွင်း အပြောင်းအလဲ လုပ်ခဲ့သည်။

ကမ္ဘာအနှံ့တွင် မြန်မာနိုင်ငံ၏ ဂျီနိုဆိုဒ်တရားခံများကို ICC ခုံရုံးအရောက် အမြန်ဆုံးပို့ပေးရမည်ဟု တောင်းဆိုလာသောအခါ ဂျီနိုဆိုဒ်တရားခံများ၏ ဘုရားနှစ်ဆူဖြစ်သော ရုရှားနှင့်တရုတ်တို့သည်ပင် အဆိုပါတရားခံများကို ကယ်တင်နိုင်ရန် မျှော်လင့်ချက် ကင်းမဲ့နေကြသည်။

ရိုက်တာသတင်းထောက်နှစ်ဦး နှင့် ဒုရဲမှူး မိုးရန်နိုင်တို့၏အမှု ကချင်ပြည်နယ်တွင် လတ်တလောဖြစ်ပေါ်နေသော လူမျိုးတုံးသုတ်သင်မှု စစ်တွေမြို့မှ တပ်မ ၅၅ နှင့် ရဲတပ်ရင်း ၃၆ တို့၏ စီစဉ်မှုကြောင့် ပင်လယ်ခရီးကြမ်းနှင်ရသော ရိုဟင်ဂျာအပြည့်တင် စက်လှေလေးစီးအမှု NVC မက်လုံးအမှု စသည့် အမှုပေါင်းများစွာကလည်း ICC အမှုကို ပို၍ အထောက်အကူပြုနေ၏။

IDP ဒုက္ခသည်စခန်းများကို ပိတ်သိမ်းမည်ဟု ပြောပြီး သူတို့ကို ကုန်းကြောင်းနှင့် ရေကြောင်းများမှ မောင်းထုတ်နေကြသည်။ ကားလမ်းအတိုင်း တွန်းပို့သူများကို ခိုးဝင်ပုဒ်မတပ်ကာ ဖမ်းဆီးနိုင်ရန်နှင့် ရေကြောင်းအတိုင်း တွန်းချသူများအား ပင်လယ်ထဲ နစ်မြုပ်သေစေရန် စက်လှေတစ်စီးပေါ်တွင် အယောက် ၇၀ မှ ၁၂၀ အထိ သယ်ဆောင်စေရန် ညွှန်ကြားထားသည်။

“ရိုဟင်ဂျာလူထုအတွက် တရားမျှတမှုရရန် ကျွန်တော်တို့ လုပ်မည်။ သူတို့ ခံစားခဲ့ကြရသည့် ညှင်းပန်းနှိပ်စက်မှုများအတွက် တရားမျှတမှုမှာ အလွန်အရေးပါသည်။ သူတို့ကို ဂုဏ်သိက္ခာရှိရှိ ဘေးကင်းစွာ သူတို့၏ မူလနေရာ ရောက်အောင် ပြန်ပို့ပေးရမည်။ ထိုအတွက် မြန်မာအစိုးရကလည်း တာဝန်ယူ ဆောင်ရွက်ရမည်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ထိုကိစ္စကို အမြန်ဆုံးအကောင်အထည်ဖော်နိုင် ဖိအားပေးသင့်သည်။ ရာဇဝတ်မှုကျူးလွန်ခဲ့သူများကိုလည်း တရားဥပဒေနှင့် အညီအရေးယူရမည်” ဟု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Sam Brownback က မကြာသေးမီ ရက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရိုဟင်ဂျာဒုက္ခသည်စခန်းကိုသွားရောက်ပြီး ဒုက္ခသည်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးရုံး စာရေးမှသည် တရားရေး တရားစီရင်ရေး မဏ္ဍိုင်များအထိပါ ပြည်ထဲရေးက ချုပ်ကိုင်ထားသည်။ ဂျီနိုဆိုဒ်တရားခံများက “အမျိုးဘာသာသာသနာ” တည်းဟူသော ဘိန်းတစ်မျိုးဖြင့် ဗုဒ္ဓဘာသာအစွန်းရောက်အုပ်စုနှင့် ဘင်္ဂလီရခိုင်များကို ယစ်မှုးစေပြီး ပြည်သူကို လှည့်စားနေ၏။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကိုယ်စားလှယ် ၁၅ နိုင်ငံပါဝင်သော အဖွဲ့လည်း မကြာမီ မြန်မာနိုင်ငံသို့ရောက်လာပြီး ဂျီနိုက်ဆိုဒ်တရားခံများအား နိုင်ငံတကာရာဇဝတ်မှုခုံရုံးပေါ် ဆွဲတင်ရန် အကျဉ်းစခန်းများတွင် ပိတ်လှောင်ခံထားရသူများနှင့်တွေ့ဆုံမည်။ ဂျီနိုဆိုဒ်တရားခံများသည် မိမိတို့ကျူးလွန်ထားသော လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုကို စစ်တိုင်းမှူးအပြောင်းအလဲ ဖြည်ခိုင်ဖိုး၏ဝါဒဖြန့်မှုနှင့် အစွန်းရောက် ဗုဒ္ဓဘာသာဝင်များ၏ အမုန်းတရားတို့ဖြင့်ဖုံးကွယ်နိုင်ရန် အစွမ်းကုန်ကြိုးစားနေ၏။

 

Comments are closed.

Check Also

ရိုဟင်ဂျာတို့၏ မူဝါဒသဘောထား

ရိုဟင်ဂျာတွေရဲ့ မူဝါဒ သဘောထားမှာ “မေတ္တာ၊ မျှော်လင့်ချက်နဲ့ ကြောက်စိတ်” ပဲဖြစ်တယ်။ ရိုဟင်ဂျ…