AA ကဲ့သို့ တရုတ်ထံမှ လက်နက်အကူအညီမရခဲ့သည့် ARSA က တုတ်ဓါးကိုင်ပြီး ရဲကင်းစခန်းကို တိုက်ခဲ့သည်။ AA က လက်နက်ကောင်းသုံးပြီး ရဲကင်းစခန်းကို တိုက်ခိုက်ခဲ့သည်။ AA နှင့် ARSA နှစ်ခုစလုံးက မြန်မာစစ်တပ်၏ မတရားမှုကို တော်လှန်ခြင်းသာ ဖြစ်သည်ဟု စစ်တွေမြို့ ကုန်တန်းရပ်ကွက်နေ အမည်မဖော်လိုသည့် ဝါရင့် ရခိုင်ကျောင်းဆရာတစ်ဦးက ရှင်းပြသည်။

“ကျွန်တော်က စစ်ပွဲ မလိုလားသော်လည်း AA ကဲ့သို့ တပ်မတော် လိုအပ်ကြောင်းကို ထောက်ခံသည်။ o တပ်မတော်ကို ဗမာစစ်ခေါင်းဆောင်များက မည်သည့်အခါမျှ အကြမ်းဖက်အဖွဲ့အစည်းဟု ခေါ်မည်မဟုတ်။ ခေါ်ရဲမည်လည်းမဟုတ်။ AA တပ်မတော်သားများ ကျေးရွာတိုင်း ရပ်ကွက်တိုင်းမှာ ရှိနေပြီ။ AA မှာ အင်အားရှိသင့်သလာက်ရှိနေပြီ။ ၂၀၂၀ မှာ ဗမာအကြမ်းဖက်စစ်သား တစ်ယောက်မျှ မကျန်အောင်လည်း လုပ်နိုင်စွမ်းရှိသည်။” ဟု အဆိုပါဆရာက ဆက်ပြောခဲ့သည်။

သဲချောင်းမှ မရမာကြီးတစ်ဦးဖြစ်သူ ကိုလှရွှေကလည်း “မှူးဇော် ခေါ် ဇော်ဌေးက ရက္ခိုင့်တပ်မတော် နှင့် ပတ်သက်၍ မဟုတ်မတရားပြောကြောင်း AA က ARSA နှင့် မည်သည့်အခါမျှ မပတ်သက်ခဲ့ကြောင်း ALP သာ ယခင်က RSO နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အဝကျွန်းသားများ ခေါင်းဆောင်နေရာ ရယူထားပြီး စစ်အာဏာရှင်များနှင့်ပူးပေါင်း၍ ၂၀၁၂ တွင် အကြမ်းဖက်မှုများ စတင်ခဲ့သည့်အတွက် ရခိုင်ပြည်သူအားလုံး ဒုက္ခရောက်နေကြောင်း” ပြောသည်။

သက္ကေပြင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတစ်ဦးဖြစ်သူ အလီအာမတ်က ARSA တိုက်ခိုက်မှုနှင့် ပတ်သက်၍ ပြောရာတွင် “ကျွန်တော် ARSA ၏ လုပ်ရပ်ကို ရှုပ်ချသကဲ့သို့ ဗမာမုဒိန်းတပ်၏ ရက်စက်ကြမ်းကြုတ်မှုကိုလည်း အပြင်းအထန် ကန့်ကွက်သည်။ အဝကျွန်းသားများကို ဆရာတင်နေသရွေ့ AA ၏ အိပ်မက်လည်း အိပ်မက်အဖြစ်သာ ရှိနေပါလိမ့်မည်” ဟု သူ့အမြင်ကို ပြောပြသည်။ AA က ၂၀၂၀ အတွက် အပြင်းအထန် ပြင်ဆင်နေပြီး ဗမာ့တပ်မတော် ပြည်ခိုင်ဖြိုးနှင့် NLD တို့ကလည်း ပြင်ဆင်နေကြသည်။

နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံ၏ ရိုဟင်ဂျာဂျီနိုဆိုဒ်တရားခံများကို ICC အရောက်ပို့နိုင်အောင် ဆောင်ရွက်နေကြသည်။ မတရားမှုတိုင်းအတွက် တော်လှန်သမားရှိစမြဲ။ ဖိနှိပ်မှု ညှင်းပန်းနှိပ်စက်မှု မတရားအနိုင်ကျင့်မှုများ ကမ္ဘာအနှံ့ ရှိသလို ၎င်းတို့ကို ချေမုန်းသူများလည်း နေရာဒေသတိုင်းမှာ ပေါ်လာစမြဲ ဖြစ်သည်။ အကြမ်းဖက်သမားခေါ်ခေါ် သောင်းကျန်းသူခေါ်ခေါ် မတရားမှုကို တော်လှန်သူများ လူမျိုးတိုင်းမှာ ရှိသည်။ ရခိုင်က ရိုဟင်ဂျာများကို ဘင်္ဂလီဟု ခေါ်ခြင်းလည်း ဗမာစစ်တပ်၏ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်ရေးစီမံကိန်းကို ထောက်ခံခြင်းဖြစ်ပြီး ဂျီနိုဆိုဒ်အမှုကျူးလွန်ရာ ရောက်သည်။

ရခိုင်တစ်သန်းနီးပါး ယနေ့တိုင် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတွင် နိုင်ငံသား တိုင်းရင်းသား အခွင့်အရေးအပြည့်အဝရနေသည်ကို သင်ခန်းစာယူသင့်သည်။ အစ္စလာမ်ကို အန္တရာယ်အဖြစ် ဝါဒဖြန့်နေသည့် ဗုဒ္ဓဘာသာဝင်များက မြန်မာနိုင်ငံရှိ လူနည်းစုမွတ်စလင်များကို စနစ်တကျ နှိပ်ကွက်နေပြီး ဘင်္ဂလားဒေ့ခ်ျက လူနည်းစု ဗုဒ္ဓဘာသာဝင်များကို တန်းတူအခွင့်အရေးပေးခြင်းသည် အစ္စလာမ်သည်သာ သစ္စာတရားအမှန်ဖြစ်ကြောင်း ထောက်ပြနေ၏။

ARSA ကို အကြောင်းပြပြီး ရိုဟင်ဂျာများကို ဆက်လက်မတရား နှိပ်ကွပ်နေခြင်း AA ကို အကြောင်းပြပြီး အပြစ်မဲ့ရခိုင်များကို ဖမ်းဆီးနေခြင်းမှာ ရခိုင်ပြသနာကို ပိုမိုရှုပ်ထွေးစေလိမ့်မည်။ မင်္ဂလာဈေး(ရန်ကုန်)ကို မီးနှစ်ကြိမ်ရှို့စေပြီး Skyscraper ဆောက်ခွင့်ရသော်လည်း စစ်တွေတရားရုံး မီးရှို့ပြီး ရခိုင်နိုင်ငံရေးသမားများအား ဖမ်းဆီးရန် ကြံစည်ခြင်းမှာ မအောင်မြင်နိုင်ပေ။

Comments are closed.

Check Also

Pakistan and Bangladesh : Responsible to disclose the Rohingya Genocide

Myanmar government is systematically and repeatedly terrorizing the Rohingya minority sinc…