ကုလမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့တဲ့အချိန်မှာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့၏သမိုင်းကို မိမိတို့ကိုယ်တိုင် ရေးထိုးနေတယ်” လို့ ပြောခဲ့တယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက ကုတုပလောင်ဒုက္ခသည်စခန်းမှာ မြန်မာစစ်တပ်ရဲ့ မုဒိန်းကျင့်ခံရတဲ့ ရိုဟင်ဂျာဒုက္ခသည် အမျိုးသမီးတွေနဲ့ တွေ့ဆုံခဲ့တယ်။

အဲ့ဒါကို အကြောင်းပြုပြီး ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို “(၂၁) ရာစု ကမ္ဘာ့ မုဒိန်းသမိုင်းသစ်ကို မြန်မာ့တပ်မတော်က ရေးထိုးနေပြီလား” လို့ သံတမန်စကား အသုံးအနှုန်းနဲ့ မေးမြန်းခဲ့တယ်။ မင်းအောင်လှိုင်က ပြစ်မှုကျူးလွန်သူတွေကို အရေးယူပါ့မယ်။ မိမိတို့သမိုင်းကို မိမိတို့ကိုယ်တိုင် ရေးပြီလို့ ဖြေကြားခဲ့တယ်။

တပ်မတော် မုဒိန်းသမိုင်းကို မိန်းမ ၇ ယောက် တရားဝင်ယူခဲ့တဲ့ ဦးနေဝင်းက အုတ်မြစ်ချခဲ့တယ်။ မြန်မာ့တပ်မတော်အား ကမ္ဘာ့စံချိန်တင် မုဒိန်းတပ်မတော်ဖြစ်လာအောင် ဦးနေဝင်းက လူမသိ သူမသိ ကြိုးစားခဲ့ပေမဲ့ မင်းအောင်လှိုင်ကတော့ လူသိရှင်ကြားဖြစ်လာအောင် စွမ်းဆောင်ပြနိုင်ခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမတိုင်မီ ပြည်ပခရီးစဉ်တစ်ခုမှာ “တပ်မတော်က မုဒိန်းကို လက်နက်သဖွယ် အသုံးချနေကြောင်း” ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့ စွမ်းဆောင်ရည်ကြောင့် ဒေါ်စုပါ မုဒိန်းခေါင်းဆောင်နဲ့ ရင်ကြားစေ့နေရပြီ ဖြစ်တယ်။ ကုလသမဂ္ဂအဖွဲ့အစည်းကလည်း မြန်မာ့တပ်မတော်ကို သံတမန်စကား Black List ခေါ် မုဒိန်းတပ်မတော်လို့ မှတ်တမ်းတင်ခဲ့တယ်။

တပ်မတော်သာမက ဗုဒ္ဓဘာသာဝင်အများစုကလဲ မုဒိန်းကောင်တွေဖြစ်လာအောင် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေ၊ ပြည်ခိုင်ဖြိုးပါတီရဲ့ ခေါင်းဆောင်တွေနဲ့ အဝကျွန်းသား ခေါ် ဘင်္ဂလီရခိုင် ခေါင်းဆောင်တွေက မဘသ၊ ၉၆၉၊ ရက္ခိတ၊ ဝံသာနု အစရှိတဲ့ အဖွဲ့တွေကို ဖွဲ့စည်းကာ အားပေးအားမြှောက် ပြုခဲ့တယ်။

မဘသအကြမ်းဖက်ခေါင်းဆောင် ဝီရသူဆိုရင် “အဖေက သမီးကို ခံစား ခံစား၊ သမီးက ခွေးနဲ့ ခံစား ခံစား” လို့ တရားဟောပြီး မြန်မာနိုင်ငံအနှံ့ အဖေက သမီးကို မုဒိန်းကျင့်တဲ့အမှုတွေ၊ သက်ငယ်မုဒိန်းမှုတွေ ပေါများလာအောင် လှုံ့ဆော်လာခဲ့တယ်။

တပ်မတော်က ရခိုင်ပြည်မှာသာမက ရှမ်း၊ ကချင်၊ ကရင် စတဲ့ ဒေသတွေမှာလဲ အားနွဲ့တဲ့ အမျိုး သမီးပေါင်းများစွာကို မုဒိန်းကျင့်ခဲ့တယ်။ ဒါကြောင့် ၂၁ ရာစုရဲ့ စံချိန်တင်မုဒိန်းတပ်မတော်လို့ ဂုဏ်ပြုခံနေရ တာပါ။ တပ်မတော်သားတွေအား မုဒိန်းကျင့်ခွင့်လိုင်စင်ကို ဦးနေဝင်းက စပြီး ပေးခဲ့ပေမဲ့ မင်းအောင်လှိုင်သာ မုဒိန်းတပ်မတော်အဖြစ် ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းတင်ခံရအောင် စွမ်းဆောင်နိုင်ခဲ့တယ်။

 

Comments are closed.

Check Also

ရိုဟင်ဂျာတို့၏ မူဝါဒသဘောထား

ရိုဟင်ဂျာတွေရဲ့ မူဝါဒ သဘောထားမှာ “မေတ္တာ၊ မျှော်လင့်ချက်နဲ့ ကြောက်စိတ်” ပဲဖြစ်တယ်။ ရိုဟင်ဂျ…