ဦးရဲထွဋ်က လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို ဆန္ဒပြရင် အစိုးရကခွင့်ပြုမလား။ တားဆီးမလား ဆိုတာမေးပြီး post တင်ထားတာတွေ့ရတယ်။ ဒါဟာ အစိုးရကို ပြောင်ပြောင်တင်းတင်း ထိုးနှက်တိုက်ခိုက်တာပဲ။ အကြမ်းဖက်မှု မဖြစ် ဖြစ်လာအောင် သွေးတိုးလှုံ့ဆော်နေခြင်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ post မတင်မီမှာပဲ ဆန္ဒပြခဲ့တဲ့ ဓါတ်ပုံတွေ ပလူပျံအောင် ပျံ့နှံ့နေပါလျက် သူက ခွင့်ပြုမလား။ တားဆီးမလား မေးနေလို့ပါ။

အဲဒီဆန္ဒပြပွဲတွေက အစိုးရရဲ့ ခွင့်ပြုချက်မပါပဲ လုပ်ခဲ့တယ်ဆိုရင်တော့ USDP ပါတီက အစိုးရနဲ့ တရားဥပဒေကို ဆန့်ကျင်ပြီး ဆူပူ အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသာ ဖြစ်ပါမယ်။ ဦးရဲထွဋ်ရဲ့ post မှာ ” လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ကို ဘင်္ဂါလီတွေက တောင်းဆိုဆန္ဒပြတယ်လို့ ရေးခြင်းဟာ မိဒီယာကျင့်ဝတ် လူ့ကျင့်ဝတ်တို့ကို ချိုးဖောက်ရုံမက ဗုဒ္ဓဘာသာရဲ့ မဂ္ဂင်ရှစ်ပါးကိုလဲ စော်ကားရာ ရောက်ပါတယ်။ ဘယ်မီဒီယာကမှ ဘင်္ဂါလီတွေ ဆန္ဒပြတယ်လို့ မရေးတာ သိပါလျက် သူကိုယ်တိုင် ဗြောင်လိမ်ခြင်းပဲမဟုတ်လား။

ဒါတင်မကသေးဘူး- ရဲထွဋ် ကိုယ်တိုင် ရိုဟင်ဂျာရှိကြောင်း မြန်မာသိ မီဒီယာသိ ကိုယ်တိုင်ပြော ဟောခဲ့ဖူးပါလျက်နဲ့ ရိုဟင်ဂျာ တိုင်းရင်းသားမရှိကြောင်း ဆန္ဒပြစေလိုခြင်းဟာ သူကိုယ်တိုင် မသမာကြောင်း ထင်ရှားနေတယ်။ အစိုးရကို တမင်တကာ အပြုတ်ကျအောင် ထိုးနှက်တိုက်ခိုက်ခြင်းပဲ။ ရိုဟင်ဂျာတွေကို ၁၉၈၂ ဥပဒေနဲ့ စစ်ရင် နိုင်ငံသားအခွင့်အရေး ပေးကိုပေးရမယ်ဆိုတာ ကြိုသိထားလို့ ၁၉၈၂ ဥပဒေအတိုင်းမလုပ်ပဲ ဂျီနိုဆိုဒ် စီမံကိန်းနဲ့ မရမက အကောင်အထည် ဖော်ခဲ့တာ ဖြစ်တယ်။

ရိုဟင်ဂျာတို့ လက်ဝယ်မှာ ရှိတဲ့ NRC တွေကို သိမ်းယူပြီး ဝှိုက်ကဒ်ထုတ်ပေးခဲ့တာ။ ၁၉၈၈ ကနေ ဒီနေ့အထိ ဖြစ်ခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှု ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီမှု အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေရဲ့ နောက်ကွယ်မှာ ဂျီနိုဆိုဒ် တရားခံ ရဲထွဋ်နဲ့ ဇော်ဌေးတို့ရှိနေတယ်။ သူတို့က နိုင်ငံတော်ပိုင် မီဒီယာကိုအသုံးချပြီး အကြမ်းဖက်မှု နဲ့ မုန်းတီးမှုအတွက် လှုံ့ဆော်ခဲ့တယ်။ ရိုဟင်ဂျာအများစုရဲ့ မိဘနဲ့ဘိုးဘွားတွေမှာ NRC ကဒ်တွေ ရှိခဲ့ကြတယ်။

ရဲထွဋ်က အလွန်ဆုံးပြနိုင်ရင် သူ့မိဘပဲပြနိုင်မယ်။ ရိုဟင်ဂျာတွေမှာ သူတို့နိုင်ငံသားဖြစ်ကြောင်းကို ထောက်ပြမယ့် အထောက်အထား ရဲထွဋ်ထက် ပိုများတယ်။ ဗုဒ္ဓဘာသာဝင်ဆို အော်တိုနိုင်ငံသား သွေးနှောဆို မျိုးဆက် ၃ ဆက်ပြနိုင်မှ နိုင်ငံသားဖြစ်ခွင့်ရှိတယ်လို့ ပြောနေတာလဲ ဂျီနိုဆိုဒ် စီမံကိန်းပဲ။ ရဲထွဋ်ကိုယ်တိုင်က ရခိုင်သွေး တစ်ဝက် ပါတယ်လို့ ၀န်ခံဖူးပြီး သူ့ယောက္ခထီးကလည်း ဇာတိသွေးဇာတိမာန် ထက်သန်တဲ့ ရခိုင်စစ်စစ် တစ်ဦးဖြစ်တယ်လို့ သူပြန်ကြားရေးဝန်ကြီး ဘ၀တုန်းက ၀န်ခံခဲ့ဖူးတာကြောင့် သူ့သွေးထဲမှာ ရိုဟင်ဂျာမုန်းတီးစိတ် ဘယ်လောက် အပြည့်ရှိနေသလဲ ဆိုတာ သူ့ပါးစပ်ဟတာနဲ့ သိနိုင်ပါတယ်။

အာဆာအဖွဲ့ဆိုတာ စစ်တပ်က ဖွဲ့စည်းပေးတဲ့အဖွဲ့ပဲဖြစ်ရမယ်။ မဟုတ်ရင်တော့ အဲဒီတုတ်ဓါးကိုင်ထားတဲ့ လူတစ်စုကို စစ်တပ်က မိကိုမိမှာပဲ။ ဒါမှမဟုတ် မြန်မာစစ်တပ် သောက်သုံးမကျဘူးလို့ ပြောရမယ်။ တုတ်ဓါးကိုင်ထားတဲ့ လူတစ်စုကို ကြည်း လေ ရေ နစက စရဖ နဲ့ ရဲတွေ ပူးပေါင်းပါဝင်စေပြီး လက်နက်မျိုးစုံ နဲ့ နှစ်နှစ်ကျော် တိုက်ရင် မနိုင်စရာအကြောင်းမရှိ။ အဲဒီသောက်သုံးမကျတဲ့ စစ်တပ်ကို အရေးယူပြီး ပြည်ထောင်စုစစ်တပ်သစ် ဖွဲ့သင့်တယ်။

ဒါပေမဲ့- အာဆာရဲ့ အန္တရာယ် လုံခြုံရေးကောင်စီအဖွဲ့ကို ဟန်ပြဖွဲ့လို့ရအောင် မနေ့တစ်နေ့ကမှ ထင်းခုတ်သမားသုံးယောက်ကို ဖမ်းပြီး ARSA အကြမ်းဖက်သမားတွေလို့ နိုင်ငံပိုင် မီဒီယာကနေတစ်ဆင့် ၀ါဒဖြန့်ပြတာကိုကြည့်ယင် ဦးရဲထွဋ်နဲ့ သူဖွဲ့ထားခဲ့တဲ့ သူ့လက်ကိုင်တုတ် ပြန်ကြားရေး ၀န်ထမ်းတွေ ဘယ်လောက်ထိ သွေးပျက်နေလဲ သိသာတယ်။

ဒါ့အပြင် ကုလလုံခြုံရေးကောင်စီအဖွဲ့ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘယ်လိုတွေမြင်တယ်၊ ဘယ်လိုတွေ ပြောနေကြပြီ စသဖြင့် ပိုစ်တင်ပြီး ရဲထွဋ်လည်း သွေးပျက်နေတာ ဖြစ်တယ်။ မကြောက်ဘယ်ခံနိုင်ရိုးလဲ ၊ ဂျီနိုဆိုဒ် စီမံကိန်းကြီး စတင်ကတည်းကိုက ဖြစ်မြောက်အောင်၊ အကောင်ထည်ဖော်လာအောင် သူ့တပည့် ဇော်ဌေးနဲ့ ပေါင်းပြီး စီမံခဲ့တာ နိုင်ငံတကာက အသိ။ အခုတော့ ကိုယ့်ရှုးကိုယ်ပတ် ကိုယ့်ဂိုးကိုယ်ရှုးမိပြီး ကိုယ့်ပုဆိုးကိုယ်တက်နင်းမိလို့ ဟပ်ထိုးလဲတဲ့ အကြိမ်ကြိမ်များလာတော့ နိုင်ငံတကာကိုလည်း လိမ်မရ အမေကယ်ပါ အဘကယ်ပါ ဆိုတော့မှ စစ်တပ်လုပ်တဲ့ Genocide ရာဇ၀တ်မှုတွေကို တည်ဆဲအစိုးရ ခေါင်းပေါ်ပုံချဖို့ လုပ်တာ။ ရဲထွဋ်နဲ့ အပေါင်းပါတွေ အိုင်စီစီ ငါးမြှားချိတ်မှာ လှုပ်လေ မြုပ်လေ အူအထိ ငါးမြားချိတ်က တွယ်နေပီဆိုတော့မှ ရဲထွဋ် သွေးပျက်တာ ။

ဒါကြောင့် ကြံရမရတဲ့ အဆုံး တည်ဆဲအစိုးရ ခေါင်းပေါ်ပုံချဖို့ ကြိုးစားရင်း လည်ပင်းမှာ အိုင်စီစီ ကြိုးကွင်းမိနေတဲ့ မင်းသား ဦးရဲထွဋ်တစ်ယောက် ဇာတ်ညွန်းထဲမှာမပါတဲ့ စကားတွေ ဖြစ်တဲ့ ပြည်သူတွေကို ဆန္ဒပြကြပါလားလို့ သွေးထိုး လှုပ်ဆော်ယင်း အကြံကုန် ဂဠုန် ဆားချက် ဂမူးရှုးထိုး အော်နေကြောင်းပါ ခင်ဗျား။

 

Comments are closed.

Check Also

ရိုဟင်ဂျာတို့၏ မူဝါဒသဘောထား

ရိုဟင်ဂျာတွေရဲ့ မူဝါဒ သဘောထားမှာ “မေတ္တာ၊ မျှော်လင့်ချက်နဲ့ ကြောက်စိတ်” ပဲဖြစ်တယ်။ ရိုဟင်ဂျ…