ရိုဟင်ဂျာတို့အား NVC ကဒ် ကိုင်ဆောင်စေပြီး တစ်နိုင်ငံလုံးသွားလာခွင့်ပြုရင် မြန်မာနိုင်ငံသားတွေရဲ့ နေ့စဉ်ဘ၀တွေကို ဆိုးဝါးစွာ ငြိမ်းခြောက်လာနိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ကန့်ကွက်သင့်တယ်လို့ ပြည်​ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က Myanmar Update News Agency ကိုပြောခဲ့တယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သတင်းစာရှင်းလင်းပွဲ မှာ ရခိုင်ပြည်နယ်အတွင်းက National Verification Card (NVC) ကတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ လွတ်လပ်စွာသွားလာခွင့်ရှိကြောင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံဘက်သို့ အသက်လုထွက်ပြေးသွားတဲ့ဒုက္ခသည်တွေ ဘာအထောက်အထားမှာ ပြစရာမလိုကြောင်း အကြောင်းမှာ သူတို့ရဲ့အထောက်အထားအားလုံး လဝကရုံးတွေမှာ ရှိနေလို့ မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့သူဟုတ်မဟုတ် အလွယ်တကူ စစ်ဆေးနိုင်ကြောင်း ပြောကြားခဲ့တယ်။

စစ်အစိုးရက ရိုဟင်ဂျာတို့ ကိုင်ထားခဲ့တဲ့ NRC အမျိုးသားမှတ်ပုံတင်ကဒ်ပြားတွေကို သိမ်းယူပြီး ဝှိုက်ကဒ်တွေထုတ်ပေးခဲ့တယ်။ ဝှိုက်ကဒ် ရိုဟင်ဂျာတို့အား လူမျိုးတုံးသတ်ဖြတ်ရန်အတွက် စစ်အာဏာရှင်တွေရဲ့ ကနဦးလုပ်ရပ်ဖြစ်တယ်။ ဒုတိယအဆင့် အဖြစ် နိုင်ငံတော်ပိုင် မီဒီယာတွေအသုံးချပြီး ရိုဟင်ဂျာတွေ ခိုးဝင်ဘင်္ဂလီဖြစ်ကြောင်း ဝါဒဖြန့်ခဲ့တယ်။

တတိယအဆင့်အဖြစ် အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ မဘသနဲ့ အစွန်းရောက်ဗုဒ္ဓဘာသာဝင်တွေကို သုံးပြီး ရိုဟင်ဂျာတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို မီးရှို့သတ်ဖြတ်ခဲ့တယ်။ ပြီးတော့ သူတို့အားလုံးကို အကျဉ်းစခန်းမှာ ပိတ်လှောင်ထားတယ်။

၂၀၁၆ မှစပြီး ARSA အကြမ်းဖက်ခေါင်းစဉ်တပ်ပြီး ရိုဟင်ဂျာအားလုံးအား မီးရှို့သတ်ဖြတ်ခွင့် ရရန်ဖန်တီးခဲ့တယ်။ တုတ်ဓါးကိုင်ထားတဲ့ လူရာကဏန်းလောက်ကို ကြည်းလေရေ နစက လုံခြုံရေးတပ်နဲ့ ရဲတွေ စုပေါင်းအင်အား စစ်အင်အားအလုံးစုံသုံးပြီး တိုက်ခဲ့ပေမဲ့ မချေမှုန်းနိုင်လို့ လူပေါင်း ခုနှစ်သိန်းနေတဲ့ နေရာတွေကို မီးရှို့ရတယ်။ ဒါကြောင့် အဲဒီလူတွေ အသက်လုထွက်ပြေးခဲ့ရတယ်။

နိုင်ငံတကာမှာ R2P နဲ့ ICC အကြောင်း ထပ်တလဲလဲ ပြောနေတော့ ဒေါ်စုအစိုးရက R2P နဲ့ ICC ကို ကျော်နိုင်ဖို့ ဒုက္ခသည်တွေ လက်ခံရေးကိစ္စဆောင်ရွက်နေတယ်။ စစ်အာဏာရှင်တွေက ပြည်သူကို ရက်စက်ခြိမ်းခြောက်နေတာ နှစ်ပေါင်းများစွာရှိနေပြီ။ ရိုဟင်ဂျာတွေကို ညှင်းပမ်းနှိပ်စက်နေတာ ၁၉၆၅ ကတည်းက ယနေ့အထိပင်။ ဒါကို ဒေါက်တာ အောင်ထွန်းသက်ကလဲ ဝန်ခံခဲ့ပြီ။

စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး ရိုဟင်ဂျာတို့လက်ဝယ်မှာရှိတဲ့ အထောက်အထားတွေကို ဖျက်ဆီးခဲ့တယ်။ ဒါကို စစ်တပ်ရဲ့အပေါင်းအပါဖြစ်တဲ့ ဒေါက်တာနန္ဒာလှမြင့်က သိနေတယ်။ အဲတော့ သူတို့ NVC ကိုင်လဲ ငါတို့ကတော့ ဂျီနိုဆိုဒ်လုပ်ရမှာဘဲလို့ ပြောတဲ့သဘောပါ။

နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဝင်လာရင်တော့ စစ်ခေါင်းဆောင်တွေနဲ့အတူ ပြည်ခိုင်ဖြိုးပါတီလဲ ဂျီနိုဆိုဒ်တရားခံတွေ ဖြစ်ကြောင်း ထင်ထင်ရှားရှားတွေ့ရလိမ့်မယ်။ စစ်တပ်က စက်ယန္တယား လက်နက်အပြည့်အစုံသုံးပြီး နှစ်နှစ် ကြိုးပမ်းခဲ့ပေမဲ့ တုတ်ဓါးကိုင်ထားတဲ့ လူတစ်စုကို မချေမှုန်းနိုင်ခဲ့ဘူး။

အဲဒီတော့ ပြည်သူတွေအားလုံးပူးပေါင်းပြီး ဒေါက်တာနန္ဒာလှမြင့် အပါအဝင် သောက်သုံးမကျတဲ့ စစ်ဗိုလ်ချုပ်တွေ နဲ့ ဂျီနိုဆိုဒ်တရားခံတွေကို ပြင်းပြင်းထန်ထန်အပြစ်ပေးသင့်တယ်။ ဒါမှမဟုတ် နိုင်ငံတကာတပ်ဖွဲ့ခေါ်ပြီး တိုင့်းပြည်ကို ဓါးပြတစ်စုရဲ့ ရန်မှ ကာကွယ်သင့်တယ်။

 

Comments are closed.

Check Also

ရိုဟင်ဂျာတို့၏ မူဝါဒသဘောထား

ရိုဟင်ဂျာတွေရဲ့ မူဝါဒ သဘောထားမှာ “မေတ္တာ၊ မျှော်လင့်ချက်နဲ့ ကြောက်စိတ်” ပဲဖြစ်တယ်။ ရိုဟင်ဂျ…