ဘင်္ဂလားဒေ့ရှ့်မှ ပြန်လည် ဝင်ရောက်လာမည့် သူများကို လက်ခံရာတွင် ရိုဟင်ဂျာ၊ ဘင်္ဂါလီ အစား ‘ရခိုင်ပြည်နယ်မှ မွတ်စလင် community’ ဟု ပြောင်းလဲ ခေါ်ဆိုရန်နှင့် ထိုသို့ ပြောင်းလဲလိုသည်မှာလည်း အငြင်းပွားမှုကို ရှောင်လိုသည့်သဘောဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောသည်။

ရိုဟင်ဂျာသမိုင်းကို အမြစ်ဖြတ် ပပျောက်စေပြီး ရိုဟင်ဂျာလူမျိုးအား မျိုးတုံးသတ်ဖြတ်ရန် အာဏာရှင် ဦးနေဝင်းလက်ထက်မှစ၍ ယနေ့အထိ စဉ်ဆက်မပြတ် အစွမ်းကုန်ကြိုးစားနေကြသည်။ သူတို့က သမိုင်းဖျောက်ဖျက်ရန် ကြိုးစားခြင်းက ရိုဟင်ဂျာသမိုင်း ထာဝရ ရှင်သန်စေသည့် အုတ်မြစ်သဖွယ် ဖြစ်လာခဲ့ပြီ။ ယခင်ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲတွဋ်သည်ပင် ရိုဟင်ဂျာက သူတို့အမည်နာမ သုံးစွဲခွင့်ရှိကြောင်း ဝန်ခံခဲ့ပြီ။

မြန်မာပြည်မှာ ခေါင်းဆောင်လုပ်နေသူများက အိုင်တီခေတ်မှာ ကမ္ဘာကို အလွယ်တကူ လိမ်လည်လှည့်စားလိုခြင်းက ရယ်စရာပင် ဖြစ်နေ၏။ တစ်ဖက်က ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အစွန်းရောက်သံချပ်အဖွဲ့အား အသက်လုထွက်ပြေးခဲ့ရသော ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လက်မခံရန် လှုံ့ဆော်ခိုင်းပြီး အခြားတစ်ဖက်မှာလည်း ဒေါက်တာဝင်းမြတ်အေးကို ဘင်္ဂလားဒေ့ခ်ျသို့လည်းကောင်း စစ်တွေဒုက္ခသည်စခန်းသို့လည်းကောင်း စေလွှတ်၍ ဒုက္ခသည်များ ပြန်လည်ခေါ်လိုကြောင်း ပြသနေ၏။

၁၉၉၀-၂၀၀၀ ကာလတွင် ရိုဟင်ဂျာတို့အား လူမျိုးတုံးသတ်ဖြတ်ရေး စီမံကိန်းရေးဆွဲပြီး နစကအဖွဲ့ဖွဲ့စည်းကာ ရိုဟင်ဂျာတို့ လက်ဝယ်ရှိ NRC အမျိုးသား မှတ်ပုံတင်ကဒ်ပြားများကို အတင်းအားဓမ္မ လုယူခဲ့သည်။ ထို့နောက် ဝှိုက်ကဒ်ထုတ်ပေး၍ သူတို့ကို ခိုးဝင်ဘင်္ဂလီများဟု နိုင်ငံတော်ပိုင် မီဒီယာများမှတဆင့် ဝါဒဖြန့်လာခဲ့ကြသည်မှာ ယနေ့အထိပင် ဖြစ်သည်။

ယခု NLD အစိုးရက သူတို့အတွက် လူမျိုးအမည် မွတ်စလင်ပါသော NVC ကဒ်ထုတ်ပေးပြီး လဝက ဥပဒေအရ အချိန်မရွေ့ အမှုဖွင့်နိုင်ရန်ကြံစည်နေ၏။ နိုင်ငံတော်ပိုင်မီဒီယာများနှင့် ပြည်တွင်းမီဒီယာများ ဗုဒ္ဓဘာသာဝင် မီဒီယာသမားများက ရိုဟင်ဂျာများကို ယနေ့အထိ ဘင်္ဂလီဟုသာ လွတ်လပ်စွာ ပြောဆိုရေးသားနေကြသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတော်၏အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တို့က ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ရည်ရွယ်ချက်အဘယ်နည်း။

လဝက ရုံးများတွင် ဗုဒ္ဓဘာသာမဟုတ်သူများကို သွေးနှောဟုခေါ်ပြီး ခွဲခြားဆက်ဆံနေဆဲ။ နာဇီ လက်သစ်ဆောင်ပုဒ်ဖြစ်သည့် “လူမျိုမှလူမျိုးပြုတ်မည်” ထောက်ပြောင်နေဆဲ။ ရိုဟင်ဂျာများ လုံခြုံရေးအကြောင်းပြချက်ဖြင့် အကျဉ်းစခန်းများတွင် ပိတ်လှောက်ထားခံရဆဲ။ ရိုဟင်ဂျာများသာမက ကမန်များသည်ပင် ယနေ့အထိ ကျောင်းတက်ခွင့် အလုပ်လုပ်ခွင့် မရကြပေ။ အဘယ်ကြောင်းနည်း။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက မွတ်စလင်ဖြစ်သည့်အတွက် ထိုသို့ ခွဲခြားဆက်နေကြောင်း အတည်အလင်း တရားဝင်ထုတ်ဖော်ပြောခဲ့ပြီ။ သူပြောသည့်အချက်များကို ဒေါ်အောင်ဆန်းစုကြည်ကပင် မှန်သည်ဟုယူဆ၍ နှုတ်ဆိတ်နေ၏။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Comments are closed.

Check Also

Pakistan and Bangladesh : Responsible to disclose the Rohingya Genocide

Myanmar government is systematically and repeatedly terrorizing the Rohingya minority sinc…